သိုးတစ်ကောင်၏ကဗျာ

သိုးတစ်ကောင်၏ကဗျာ
ရော်ရိညှိုးနွမ်း၊ ကြွေခမ်းခြောက်လို့
မြေခဘ၀တွေ၊ ကြည့်ရင်းနဲ့လေ
ရင်မှာအမှားများ၊ ထိန်းချုပ်ထားရင်း
ကိုယ့်ရဲ့ပါးမှာ၊ ကျမျက်ရည်တွေ
ဖြေမပြေခဲ့လို့၊ ပြန်တမ်းတတယ်
တစ်ချိန်တုန်းကကွယ်၊ ပျော်ရွင်နေသေးချိန်ဘ၀လေး
ဘ၀လေးတစ်ခုရယ်
ပျက်သုန်းသွားလို့
ငိုကြွေးမိတယ်။

ကျင်လည်အသက်ဆက်၊ မမှောင်တွင်းဘ၀နဲ့
ရှောင်လို့ပုန်းခဲ့၊ အပြစ်များကြောင့်ရယ်
အမှန်ကိုအမှားလို့၊ အသိစိတ်ထက်သမို့
ပြုရခက်ခဲ၊ မတရားသောလမ်းမယ်
ပူလှောင်ပြင်းရှ၊ ချဉ်ခြင်းတပ်တဲ့
ရမ္မက်မောဟနဲ့၊ စုန်ဆန်ချီအသွားအပြန်နေလာခဲ့
ဘ၀လေးတစ်ခုရယ်
ဆိတ်သုဉ်းသွားလို့
ပူဆွေးမိတယ်။

မှန်ရာလမ်းသို့၊ လျှောက်လှမ်းဖို့ဆို
ပျောက်သောသိုးမို့၊ လူဝိုင်းပစ်သို့
ငြူစူခြင်းခဏ၊ ပြင်းပြခဲ့လည်း
အမှုမထားတော့ပြီ၊ သခင့်ရိပ်ဆီဝယ်
သာယာငြိမ်းအေး၊ ချစ်ခြင်းဘ၀ထဲ
ပြန်ရောက်ခဲ့လို့၊  ပျော်ရွှင်စွာပျိုးပင်ဒီစပါး
ရိတ်သိမ်းခဲ့ကာ၊ ၀န်ချခယ
ပြုတိုင်းဘ၀ရယ်
တစ်ကယ်ပဲ။

God Bless You
Brother Aung