ညီလေး
တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိတယ်။ “တစ်ခါတုန်းက”ဆိုပြီး ပုံပြင်လိုလို ဘာလိုလို
နဲ့အစချီလိုက်တာပါ။ တစ်ကယ်က အဲဒါ တကယ့်အဖြစ်အပျက် ။
လူငယ်အရွယ်ကောင်းလေးဖြစ်တဲ့ သားက“အင်း…. ဒီအရပ်မှာ နေလို့ကတော့မတိုးတက်
မကြီးပွါးနိုင်ဘူး…တစ်နှစ်တစ်နှစ်၊ လယ်ပဲလုပ်နေရတယ်၊ ရေထဲပဲဆင်းနေရတယ်၊ လယ်က
လည်း ရေကြီးလို့စပါးသေ၊ ပိုက်ကလည်းလူခိုး၊ အဖေကလည်းရီဝေေ၀နဲ့၊ အင်း…အောက်ပြည်
အောက်ရွာမှာအဆင်ပြေနေတယ်လို့ကြားတယ်…သွားဦးမှပဲ။”
အဲဒီလိုနဲ့အစ်ကိုတို့နေတဲ့ အောက်ပြည်အောက်ရွာရောက်လာပါလေရော။ ပွဲစားလမ်း
ကြောင်းနဲ့လာတာ“ပွဲစား ဆိုတာ…ဟိုမှာအလုပ်ရှာပေးမယ်၊ အလုပ်ရရင်သူ့ကိုဘယ်လောက်
ပေးရမယ်…ဆိုတဲ့လူတွေ….သိပ်တော့မယုံရဘူး…တစ်ခါတစ်လေအခြေအနေအရ ရောင်းစား
တတ်တယ်”
အဲဒီလိုနဲ့ အအေးတို့အကြော်အလှော်တို့ ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ အလုပ်ရတယ်။
(၆)လစာကိုပွဲစားကသိမ်း၊ နေစရိတ်စားစရိတ်နဲ့ ဘာညာတွေအတွက်ဆိုင်ရှင်က လစာဖြတ်
ထွက်ပြေးမှာစိုးလို့ ဘာညာဆိုပြီးတော့ မှတ်ပုံတင်သိမ်း၊ အဲဒါနဲ့ တစ်နှစ်ပြီးတစ်နှစ် သူ့ခမျာ
ထမင်းစားကျွန်ခံနေရတယ်။
တစ်နေ့ အစ်ကို့အပေါင်းအသင်းဓမ္မဆရာတစ်ယောက်နဲ့ သိကျွမ်းသွားတယ်။ အဲဒီလိုနဲ့
ဆရာက အိမ်မှာခေါ်ထား၊ အကြွေးတွေဆပ်ပေး၊ အလုပ်ပါရှာပေးလိုက်တယ်။ “၀ါလတ်” လို့
ခေါ်တဲ့ ပင်လယ်ငါးဖမ်းလှေမှာ အလုပ်ရသွားတယ်။ အဲဒီ ၀ါလတ်ငါးဖမ်းစက်လှေ တွေက
တစ်လမှတစ်ကြိမ်လောက်ကမ်းကပ်တာ ဒါကြောင့် အဲဒီကောင်လေး ပိုက်ဆံတော်တော်စု
မိတယ် ။
အဲဒီလိုနဲ့ ကြိုးကြိုးစားစားရှာထားတဲ့ ပိုက်ဆံတွေ အဖေ့ဆီပို့ပေးတယ်၊ အဖေသုံးဖို့နဲ့ ပို
တာကို လယ်တွေဝယ်ထားဖို့။ တော်တော်လိမ္မာတဲ့သားပါ၊ အဖေလုပ်တဲ့လူကလည်းတော်
တော် လိမ္မာတယ်၊ ရောက်လာသမျှ ပိုက်ဆံတွေကို သောက်ပစ်၊ ပြီးတော့ကြွားလိုက်သေး
တယ်“ငါ့သားကနိုင်ငံခြားမှာတော်တော်အဆင်ပြေနေတာ”လို့။ ပိုက်ဆံကုန်ရင် သားဆီကို
တစ်ဂွမ်ဂွမ်ဖုန်းဆက် ၊ လယ်ရော ငါရော ရေကြီးတယ်ကွာ၊ ပိုက်ဆံအမြန်ပို့ပေးပါ၊ ဘာညာ
နဲ့ပေါ့ကွာ။
အဲဒီလိုနဲ့“စီးတဲ့ရေ၊၀င်တဲ့ကြွက်တွင်း” အချိန်တွေသာကုန်လွန်ခဲ့တော့၊ ကောင်လေး
ခမျာစိတ်လေပြီပေါ့။ စိတ်လေတော့ လွှင့်ချင်နေပြီပေါ့ကွာ။ အစ်ကိုတို့ဘယ်လိုပဲအားပေးပေး
သူ့စိတ်ထဲရောက်နိုင်ပါ့မလား မသိနိုင်တော့ဘူး။
ပုံပြင်ကတော့ ဒါပါပဲကွာ။
ညီလေးရေ… ပုံပြင်ထဲကကောင်လေးနေရာမှာ မင်းသာဆိုရင် ဘယ်လိုလုပ်မလဲ။
မင်းလည်းပြန်မေးချင်နေမျာပေါ့“ အစ်ကိုဆိုရင်ကော၊ဘယ်လိုလုပ်မလဲလို့”
အစ်ကိုဆိုရင်တော့ “ကိုယ်နှင့်စပ်ဆိုင်သူကို၊ ကိုယ်နှင့်အမျှချစ်လော့”လို့ ကျမ်းစာထဲမှာ
ပြောထားတယ်။ အဲဒီကျမ်းပိုဒ်လေးနဲ့ပတ်သက်လို့ အစ်ကို့ နားလည်မှုကိုနည်းနည်းပြောချင်
တယ်။ “ကိုယ်နှင့်အမျှချစ်လော့”ဆိုတဲ့နေရာမှာ မိမိကိုယ်ကိုချစ်သကဲ့သို့ သူ့ကိုချစ်ပါ။ သူ့ကို
ချည်းပဲချစ်ရင် မိမိကိုယ်ကိုမချစ်ရာရောက်မယ်၊ မိမိကိုယ်ကိုချည်းပဲချစ်ရင်လည်း သူ့ကိုမချစ်
ရာရောက်မယ်။ဒီတော့ မိမိမှာ ထမင်းတစ်ပန်းကန်ရရင် သူ့ကိုတစ်ဝက်ကျွေးပါ ၊ ဒါပါပဲ။
ဒါဆိုရင်အစ်ကို့အဖြေ ညီလေးသိပါပြီ။ God Bless You
Brother Aung
No comments:
Post a Comment
Note: Only a member of this blog may post a comment.