ငါးဆယ်-ငါးဆယ်

ငါးဆယ်ငါးဆယ်
သာလှ။  ။ထိုင်ဗျာ ကိုဖေမြ။
ဖေမြ  ။အေးဗျာ-  ကျနော်တို့ အတူမထိုင်ဖြစ်တာ အတော်ကြာပြီပဲ နော်။
သာလှ။   ။ကျနော့စိတ်ထဲမှာသိနေသလိုလိုနဲ့ မရှင်းတာလေးတစ်ခုရှိတယ်။
ဖေမြ  ။ဘာများလဲဗျ။
သာလှ။  ။ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် ဆိုတဲ့ စကားလေဗျာ။
ဖေမြ  ။သြော်-ဒါလားဗျာ၊ ဘာများလည်းမှတ်လို့။ ကောင်းတာလုပ်ရင်ကောင်းဖို့ရာခိုင်နှုန်းများမယ်၊ မကောင်းတာလုပ်ရင်မကောင်းဖို့ရာခိုင်နှုန်းများမယ်ဗျာ၊ ရှင်းရှင်းပြောရရင် ကောင်းတာလုပ်ရင် ကောင်းချင်ကောင်းမယ် မကောင်းချင်မကောင်းဘူး၊ မကောင်းတာလုပ်ပေမယ့်လည်း မကောင်းဖြစ်ချင်မှဖြစ်မှာ။(We live in the hands of God.)
သာလှ။  ။ဟာ- ခင်ဗျားကလည်း၊ ခင်ဗျားရှင်းမှပဲ ရှင်းမလိုလိုနှင့်ပိုရှုပ် သွားပြီ၊ ထပ်ပြီးတော့ရှင်းစမ်းပါဦး။
ဖေမြ  ။ရှင်းလွန်းတော့ မဟုတ်ဘူးထင်သွားတာကိုး။
သာလှ။  ။ရင်ထဲကအစိုင်အခဲလေးမကြေသေးလို့ပါ။
ဖေမြ  ။မကြေသေးတာမဟုတ်ဘူး၊ ဒီအစိုင်အခဲလေးကိုကာကွယ်ထားလို့ပါ။
သာလှ။  ။ထားပါတော့ဗျာ။
ဖေမြ  ။ဒီလိုဗျာ- ၀မ်းသွားနေတဲ့လူနာတစ်ယောက်ကို ဆေးအကြောင်းနားမလည်တဲ့လူတစ်ယောက်က ရောဂါအမြန်ပျောက်ပါစေဆိုပြီးတော့စေတနာနဲ့ ဆေးသွားတိုက်တယ်။ အဲ- သူသွားတိုက်တဲ့ဆေးက ၀မ်းနှုတ်ဆေး။
သာလှ။  ။ဟားဟားဟားဟား ဖြစ်မှဖြစ်ရလေ ကိုဖေမြရယ်။
ဖေမြ  ။ဟာ- ခင်ဗျားကလည်း ကျနော့ကို ယိုးနေပြန်ပြီ၊ သဘောတရားအနေနဲ့ပြောတာ။
သာလှ။  ။အေးပါ-အေးပါ-ဆက်ပါဦး။
ဖေမြ  ။ရပ်ကွက်ထဲကသူဌေးတစ်ယောက်ဗျာ၊ သူ့အပေါင်းအသင်းထဲမှာ အလုပ်မလုပ် ဘာမလုပ်နဲ့ အေးအေးလူလူနေတတ်တဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူကသူ့ကို ခင်ဗျားငွေသိပ်မက်တာပဲ ဆိုတဲ့ စကားကိုစိတ်ဆိုးပြီး စိတ်ထဲတေးထားခဲ့တယ်။ တစ်နေ့ အခွင့်ကြုံတော့ အဲဒီလူပျင်းကိုပိုက်ဆံတစ်သိန်းထုတ်ချေးလိုက်တယ်၊ ဒုက္ခရောက်ပါစေ၊ပိုက်ဆံတန်ဖိုးနားလည်ပါစေ ဆိုတဲ့သဘောနဲ့ပါ။ အနိုင်ပိုင်းမယ်ပေါ့ဗျာ။ ဟိုလူမိုက်ကလည်း ချေးလာတဲ့ပိုက်ဆံအားလုံးကို ထီထိုးပစ်လိုက်တယ်၊ မှတ်ကရော။ ဒါပေမယ့် ဖြစ်ချင်တော့ဗျာ၊ ထီပေါက်လာတယ်ဗျ၊ သိန်းထောင်ဆုကြီးဗျာ။ အကျွေးအမွေးတွေလုပ်လို့ ၀ါးတီးသွားပေးရာမှာ ကျနော်တောင်ပါသေး။ အဲဒီအချိန်ကနေစပြီး အဲဒီလူဟာကြိုးစားလာလိုက်တာ။ ဆင့်ကဲဆင့်ကဲကူညီမှုတွေလည်း ကျေးဇူးတရားတစ်ခုအနေနဲ့လုပ်လာလိုက်တာ ဒီနေ့အထိပဲ။
သာလှ။  ။ကြားရတာနဲ့ကို မင်္ဂလာရှိလိုက်တာ ကိုဖေမြရာ။
ဖေမြ  ။ဒါကြောင့်ကျနော်ပြောတာ။ ကောင်းတာလုပ်ရင်ကောင်းချင်ကောင်းမယ်၊မကောင်းချင်မကောင်းဘူး၊ကောင်းဖို့တော့ရာခိုင်နှုန်းများတယ်။ အဲ-မကောင်းတာလုပ်ပြန်ရင်လည်း ကောင်းချင်ကောင်းမယ်၊မကောင်းချင်မကောင်းဘူး၊မကောင်းဖို့တော့ရာခိုင်နှုန်းများမှာပါ။ တော်ကြာကပြောတဲ့ ဥပမာလေးကတော့ဖြစ်တောင့်ဖြစ်ခဲပါ။(We live in the hands of God.)
သာလှ။  ။Yes I see. ကိုဖေမြ။
God Bless You
Brother Aung

No comments: