စာမေးပွဲကျတဲ့ညီလေး
ညီလေး
မင်းစာမေးပွဲကျလို့စိတ်ဓါတ်ကျနေတယ်ဆို။ စာမေးပွဲဆိုတာမအောင်ရင်တော့ ကျမှာပဲကွ။
စိတ်ဓါတ်ကတော့ကျသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ စာမေးပွဲကျတာကိုး။ ဒါပေမယ့် ယူကြုံး
မရတဲ့အထိတော့ မဖြစ်သင့်ဘူး။ ငိုချင်ရင်ငိုပစ်ထုတ်လိုက်၊ ဆဲချင်ရင်ဆဲပစ်ထုတ်လိုက်၊ ရင်ထဲ
ကအကြိတ်အခဲတွေကျေမွသွားဖို့အတွက်-
အစ်ကိုတို့ဆို ဘ၀တက္ကသိုလ်မှာ အကြိမ်ကြိမ်ရှုံးနိမ့်နေကျပဲ။ ဘ၀တက္ကသိုလ်မှာ ဘ၀နှင့်ရင်း
ပြီးတက်နေရတာ ရှုံးရင်တော့ ဘ၀နာပြီ။ ဒါပေမယ့် ဘ၀တော့ဆုံးလို့မရဘူးနော်။
ဘာကြောင့်ခဏခဏရှုံးနိမ့်နေရသလဲ ဆိုတာပြန်သုံးသပ်မိတယ်။
အဖြေက “ငါ”ဆိုတဲ့ မာနကြောင့်ပဲ။ “ငါ”ဆိုတဲ့ မဟာလူသား ဥာဏ်ပညာ၊ အတွေ့အကြုံ၊ ပါရမီ၊
ဘုန်းပါဝါ၊ အဆက်အသွယ်၊ နေရာ၊ ကောင်းမှုကုသိုဟ် ရှိတယ်၊ စင်္ကြ၀ဠာကြီးကိုတောင်အစိုးရ
နိုင်တယ်၊ ကြိုးစားရင်ဘုရားတောင်ဖြစ်နိုင်တယ်၊ အဲဒါကအစ်ကိုရဲ့ကြုံးဝါးမှုပဲ။ “ကြုံးဝါးမှုဆို
တာ တိုက်ပွဲမကျခင် အချိန်ပါ၊ တိုက်ပွဲပြီးသွားရင်တော့ တစ်မျိုး-”
တစ်ကယ်တမ်းကျတော့ လက်ရှိပစ္စုပ္ပန်ဘ၀မှာတောင် ချမ်းသာတဲ့လူတစ်ယောက်ဖြစ်အောင်
မကြိုးစားနိုင်ခဲ့ဘူး။ အစ်ကို့ဘ၀ရဲ့ ပဲ့ကိုင်ရှင်က ကိုယ်ကိုယ်တိုင်ဖြစ်နေတာကိုး။
အဲဒါတွေကပြီးခဲ့ပါပြီလေ။
အစ်ကို့ဘ၀ကို လမ်းညွှန်မည့်သူ၊ ထိန်းကျောင်းမည့်သူ၊ မစမည့်သူ၊ ချမ်းသာစေသူ၊ အေးချမ်း
စေသူ၊ အကာအကွယ်ပေးသူ၊ ပဲ့ကိုင်ရှင်--ဂုဏ်ပုဒ်တွေတပ်ရမယ်ဆိုရင်ဆုံးတော့မှာမဟုတ်ဘူး၊
အဲဒီပုဂ္ဂိုလ်ကတော့ ယေရှုခရစ်တော် ပဲ။ အဲဒီ ယေရှုခရစ်တော်ဘုရားကို ရရှိပြီးတဲ့နောက်
အစ်ကို့ ဘ၀ကတော့ အေးဆေး……………..
ညီလေး လည်း ဒီ စာမေးပွဲကျတာလေး လောက်တော့ အေးဆေး…………
God Bless You
Brother Aung