ညီလေး
မင်းအပြစ်တွေများလို့ တမလွန်အတွက် စိတ်မချနိုင်တော့ဘူး ဖြစ်နေပြီလား။ စိတ်မပူပါနဲ့ကွာ၊
မင်းစိတ်မပူတတ်အောင် အားပေးလိုက်ဦိးမယ်။
အပြစ်ဆိုတာဘာလဲ။ အပြစ်ဆိုတာတားမြစ်ထားတာကို ချိုးဖေါက်ခြင်းပဲ။ အချို့ကလည်း နှစ်
ပေါက်တစ်ပေါက် ရိုက်ပြီးတော့ အပြစ်ဖြူ တို့ အပြစ်မဲ တို့ လုပ်လိုက်သေးတယ်။ ဘာပဲဖြစ်ဖြစ်
အပြစ်ဟာ အပြစ်ပါပဲကွာ။
အပြစ်အတွက်တော့ ပေးဆပ်ရမှာပဲ။ လူတားမြစ်ထားတဲ့တာလုပ်ရင် လူပေးတဲ့အပြစ်ကိုခံရ
မယ်။ ဘုရားတားမြစ်ထားတဲ့ အရာဆိုရင်တော့ ဘုရားပေးတဲ့ အပြစ်ကိုခံရမယ်။ ဒါပေမယ့်
ဘာအတွက်ပဲဖြစ်ဖြစ် ဘ၀ ကိုတော့အနစ်မခံပါနဲ့။
လူတစ်ချို့ကပြောတတ်ကြတယ်။“မင်းအပြစ်လုပ်တာပဲ၊ မင်းပဲခံရမှာပေါ့ ၊ အဓိပ္ပါယ်မရှိ၊ ဘုရား
ကိုဆွဲမထည့်ပါနဲ့”တဲ့။ ပြောကြတာတော့ ပြောကြတာပေါ့လေ၊ ကျွန်မှာလည်းသခင်နဲ့၊ သားမှာ
လည်း အမေ နဲ့ မဟုတ်လား။
အပြစ်ကိုဘယ်သူသတ်မှတ်ထားသလဲ၊ ဘယ်သူအရေးယူမှာလဲ၊ ဘယ်သူဖြေလွှတ်ပေးမှာလဲ၊
ဘယ်နေရာမှာလဲ၊ ဘယ်အရပ်မှာလဲ၊ ဘယ်အချိန်လဲ၊ အဲဒါလေးတော့လိုတယ်။
အိန္ဒိယမှာ လိင်တူချင်း ယူလို့ရတယ်၊ ဥပဒေတောင်ပြဌါန်းထားးပြီးပြီ လို့ ဂျာနယ်ထဲမှာဖတ်ရ
တယ်။ အံ့သြစရာပဲနော်။ သူတို့ဆီမှာ အဲဒီကိစ္စဟာ အပြစ်မဖြစ်တော့ဘူးပေါ့၊ ဟုတ်ပါ့မလား။
ဘုရားရှေ့မှာရော- ဘုရားရှေ့မှာတော့ သွားပြီ။
ဘုရားရှေ့မှာ အပြစ်ရဲ့ အဖိုးအခက ဘာတဲ့လဲ။ အပြစ်ရဲ့အခ ကတော့သေခြင်းပဲ၊ ထာဝရ ငရဲ
မီးအိုင်ပဲ။
ဘုရားသခင်က တို့ကိုအခွင့်အရေး တစ်ခုပေးထားတာကတော့ နောင်တစိတ်နဲ့ပြန်လာပါ၊ ခွင့်
လွှတ်မယ်တဲ့။ နောက်ပြီး သားတော်ယေရှု ကိုယုံကြည်မှုရှိလျှင် သေသွားပြီးတောင် ပြန်ရှင်
လာလိမ့်ဦးမယ်တဲ့။ အဲဒါ နွံထဲကနေ သက်သက်ကယ်ထုတ်တာပဲ၊ မကယ်လည်းရရဲ့သားနဲ့။
ကဲ - ဒို့အတွက် ဘာတွေများ အခက်အခဲရှိနေလို့လဲ။ ချောင်မှာကုပ်ပြီး ဘ၀ပဲအနစ်ခံတော့
မလား၊ ဒါမှမဟုတ် သခင့်ထံအပြေးသွားမလား၊ စဉ်းစား ညီလေး။
God Bless You
Brother Aung