ညီလေး
ပြီးခဲ့တဲ့အပါတ်တုန်းက အစ်ကိုမျက်မှန်တပ်လိုက်ရတယ်ကွာ။အသက်အရွယ်လေးပဲ
ထောက်လာလို့လား၊ PC ရှေ့ပဲထိုင်တာများလို့လားမသိဘူး၊ တစ်ခုခုကြောင့်ပေါ့ကွာ။ ဒါနဲ့
“မျက်မှန်” ဆိုတာလေးကို ဖြန့်ကျက်ထုတ်လိုက်မိတယ်။ ညီလေးအပျင်းပြေလေး ဖတ်ကြည့်
ပေါ့။
အစ်ကိုမျက်မှန်ကိုတပ်ထားပြီးတော့ စိတ်ထဲမှာ ရယ်ချင်လာမိတယ်၊ မှန်ကြောင်ကြီးလို့။
အရင်တုန်းကဆို ကိုယ်ကသူများကိုနောက်နေကျ၊ အခုတော့ကိုယ့်အလှည့်ရောက်ပြီလို့။ လော
ကကြီးကိုဘောင်ခတ်ပြီးကြည့်တဲ့လူသားဆိုတဲ့ အလှည့်ရောက်ပြီပေါ့နော်။
မျက်မှန်ဆိုတာကလည်းအဟုတ်သားဟ… မျက်မှန်လိုလာပြီဆိုရင် ခေါင်းကိုက်၊ဇက်
ကြောတက် ဖြစ်တော့တာပဲ့။ မျက်မှန်လေးတပ်လိုက်ပြန်တော့လည်း အလဲ့..အဟုတ်သားဟ
ဆေးမစားရပဲရောဂါပျောက်သွားတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို တော်တော်ကန်းမှန်းသိသွား
ရတယ်။ ရှိနေတာတွေကို ကြည့်ရတာမှုန်ဝါးနေတော့ အမှန်ကိုမသိနိုင်ခဲ့ဘူးပေါ့ကွာ။
တစ်ချိန်တုန်းက နေကာမျက်မှန်လေးတစ်လက်ရှိခဲ့ဖူးတယ်။ Rabin လေးပေါ့ကွာ၊
ဒီဇိုင်းကလည်းအရမ်းမိုက်တယ်၊ တန်ဖိုးကလည်းမသေးဘူး။ တပ်ထားရင်မျက်စိလည်း အရမ်း
အေးတယ်၊ သင့်တောင့်သက်သာအရမ်းရှိတယ်၊ လက်ဆောင်ရထားတာပါ။ အဲဒီ မျက်မှန်လေး
ကိုအစ်ကိုအရမ်းတန်ဖိုးထားတယ်။ အစ်ကိုနှင့်လည်းအရမ်းလိုက်ဖက်တော့ ကိုယ်နှင့်မကွာ အ
မြဲပါပါနေတယ်။ အစ်ကို့ရဲ့ အမှန်တစ်ကယ် လိုအပ်မှုလို့ပဲ ထင်ခဲ့တယ်၊ ဘာပဲကြည့်ကြည့် စား
ကျက်ကြီးကစိမ်းနေတာပေါ့ကွာ။ အဲဒီအမြင်အာရုံက ကိုယ့်အတွက်ကောင်းနေသလိုပဲ။ ဒါပေ
မယ့် အမှန်ကိုမမြင်နိုင်ဘူးကွ။ အဲဒါကြောင့်အရေးကြီးတာဆို မျက်မှန်ချွတ်ပြီးလုပ်ရတယ်။
မျက်မှန်ကြီးနဲ့ဆိုတော့ ဟောင်ကောင်ကားထဲက လူမိုက်ပုံထွက်နေလားမသိဘူး။ တစ်
ချို့လူတွေ အစ်ကို့ကိုသိပ်ကြည့်မရတဲ့ပုံပေါက်နေတယ်။ အစ်ကိုကလည်းဘယ်ဂရုစိုက်မလဲ ။
ကိုယ့်ထမင်းကိုယ်စားပြီးနေတာ၊ ဘာဂရုစိုက်စရာလိုလို့လဲ၊ အဲဒီလိုပဲစိတ်ထဲမှာ ထည့်ထားတာ။
အဲဒီလိုနဲ့တစ်နေ့ နယ်ကအစ်ကို့ အပေါင်းအသင်းတစ်ယောက် အစ်ကို့ဆီလာတည်း
တယ်။ အလဲ့ အဲဒီကောင်ကလည်းနေကာမျက်မှန်လေးနဲ့ဟ။ အဲဒီကောင်နေကာမျက်မှန်တပ်
တာတော့ လွန်..လွန်လွန်းတယ်၊ နေ့နေ့ညညပဲ။ ရုပ်ရှင်သွားကြည့်တာတောင်မချွတ်ဘူး၊ ရုပ်
ရှင်ရုံထဲအ၀င်မှာ တိုက်မိလို့ ဟိုကဆဲ၊ဒီကမေတ္တာပို့ ၊ အလိုလိုနေရင်းအစ်ကိုလည်း ကြည့်မရ
ဖြစ်လာတယ်။ ပါးကွက်နဲ့ မျက်မှန်နဲ့ ကွမ်းကလည်းတပျစ်ပျစ်၊ ဆေးလိပ်ကလည်း တစ်ဖွါဖွါ၊
လမ်းဘေးလူမိုက်လေးတွေရဲ့စောင်ပေပေ အကြည့်လည်းခံရသေး၊ ဒါပေမယ့် အစ်ကို့မှာ
လည်း မျက်မှန်ကြီးနဲ့။
အဲဒါနဲ့ အစ်ကို့ခေါင်းထဲမှာ အသိတစ်ခုရလိုက်တယ်။ အဲဒါကဘာလည်းဆိုတော့ မှောင်
နေရင်တော့ နေကာမျက်မှန်မလိုတော့တာအသေချာပဲ၊ အစ်ကိုတို့အလင်းကြောက်သူတွေဖြစ်
နေကြတာပဲ။ အဲဒီတော့ အကွယ်အကာတစ်ခုနောက်ကွယ်ကနေပြီးကြည့်တယ်၊ ဒီတော့
အမြင်မှားတယ် ၊ အမြင်မှားတော့ အမှားလုပ်မိတယ်၊ အမှားလုပ်မိတော့ အပြစ်ဖြစ်တယ်၊အပြစ်
ဖြစ်ပြီဆှိုမှတော့ အပြစ်ဒဏ်ခံရမှာအသေအချာပဲ။ ဘာကောင်းတော့မှာလဲ။
ညီလေးရေ တို့ရဲ့ အနာဂါတ်ဘ၀ လမ်းခရီး မှာ တုံးမတိုက်၊ ချောက်မကျ၊ လူလုံးမလှ၊
မဖြစ်စေဖို့အတွက်တို့ရဲ့နှလုံးသားမှာတပ်ထားတဲ့ နေကာမျက်မှန်လေးချွတ်လိုက်ရအောင်ကွာ။
ယေရှုဘုရားကို တို့ ယေရှုဘုရားလို့ပဲ မြင်ကြရအောင်။ မျက်စိရှိနေတဲ့ ဘ၀မှာ အမှန်ကို
မြင်နိုင်ဖို့ ၊ နားရှိတဲ့ဘ၀မှာ အမှန်ကိုကြားနိုင်ဖို့ လိုတယ်မဟုတ်လား။ အစွဲလေးတွေတော့ ချွတ်
ဖို့လိုတယ်။ ယေရှုဘုရားက “ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏” တဲ့ တို့
တစ်တွေ ဒီလမ်းခရီးကို မြင်ပြီးတော့ လိုက်လျှောက်သွားရင် သမ္မာတရားနှင့်လည်း တွေ့မယ်၊
အသက်လည်းတွေ့မယ်၊ အဲဒါမကောင်းဘူးလားညီလေး။
God Bless You
Brother Aung