ညီလေး
မင်းဆေးလိပ်စွဲနေတယ်လို့ ကြားတယ်။
ဆေးလိပ်သောက်တာမကောင်းဘူးလို့ပဲ ပြောပါရစေ။
ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကတော့ စာစောင်တွေမှာ အမြဲတမ်းလိုလို တွေ့နေရ
တာပဲမဟုတ်လား။
ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် အစ်ကို အစ်ကြံပေးတာကို လုပ်ကြည့်ပါ။
(၁)ဆုံးဖြတ်ပါ။ (၂)ကြေငြာပါ။ (၃)မေ့ပစ်ပါ။ (၄)မာနထားပါ။ (၅)တန်ဖိုးထားပါ။
(၆)ဆုတောင်းပါ။
(၁)ဆုံးဖြတ်ပါ။
ဆုံးဖြတ်ချက်လေး တစ်ခုချဖို့တော့လိုတယ်။ စမ်းကြည့်မယ်၊ တဖြည်းဖြည်းခြင်း ဖြတ်မယ်လို့
ဆိုပြီးကိုယ့်ကိုယ်ကို ဇဝေဇ၀ါလုပ်လို့တော့မရဘူး။ ပထမဆုံး ကိုယ့်ကိုယ်ကို အရင်ပြုပြင်ဖို့
တော့လိုတယ်။
(၂)ကြေငြာပါ။
မိမိရဲ့အပေါင်းအသင်းမိတ်ဆွေတွေကို ဆေးလိပ်ဖြတ်လိုက်ပြီဖြစ်တဲ့အကြောင်း ကြေငြာပါ။
အဲဒါဘာအတွက်လဲဆိုတော့။ အဲဒါ စိမ်ခေါ်မှုပဲ။ မိမိ ဆေးလိပ်ပြန်သောက်နေတာတွေ့ရင်
အပေါင်းအသင်းမိတ်ဆွေတွေက သူတို့စိတ်ထဲမှာ“ အဲဒီကောင် အပြောနဲ့အလုပ် မညီဘူး၊
အလကားကောင်” လို့ လည်းအပြောမခံရအောင် ကြိုးစားရတော့မှာ-
(၃)မေ့ပစ်ပါ။
မေ့ပစ်လိုက်ပါ။ ဒီဆေးလိပ်ဆိုတဲ့ အရာဝတ္ထုပစ္စည်းဟာ နဂိုကတည်းက လောကကြီးမှာ မရှိ
ဘူးလို့မှတ်ယူလိုက်ပါ။ အကယ်၍ ကိုယ့်နှင့် အနီးဆုံးနေရာမှာရောက်နေလျှင်တောင်မှ မထိရ၊
မကိုင်ရ၊အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခု အနေဖြင့် သဘောထားပါ။ ဒါပေမယ့် ဒီဆေးလိပ်ဆိုတဲ့
ဟာက အိပ်မက်တွေထဲအထိ ရောက်နေဦးမှာ သေချာတယ်။ကြာရင်တော့ မရောက်တော့ဘူး။
ဒီဆေးလိပ်ဆိုတဲ့ သက်မဲ့ပစ္စည်းတစ်ခုက၊ ဓူဝံကြယ်ကိုတောင်လှမ်းခူးမယ့် သင်ဆိုတဲ့ လူသား
အပေါ်မှာ လွှမ်းမိုးချယ်လှယ်ထားတာဆိုတော့၊ မိမိ ဘယ်အဆင့်ကိုရောက်နေပြီလည်းဆိုတာ
သေချာပြန်စဉ်းစားပါ။ သူကမြင့်လာတာ မဟုတ်တာတော့သေချာတယ်။
(၅)တန်ဖိုးထားပါ။
တစ်လတာပြီးတစ်လတာ အဲဒီလို အချိန်ပိုင်းခြားအလိုက်၊ ကြိုးစားသွားတဲ့ အချိန်ကာလတွေ၊
အောင်မြင်မှုတွေကို တန်ဖိုးထားပါ။ ရေစုန်မမျောပစ်ပါနဲ့၊ အဖျားမရှူးပါစေနဲ့။
(၆)ဆုတောင်းပါ။
လူမတတ်နိုင်တာကို ဘုရားတတ်နိုင်ပါတယ်။
မတတ်နိုင်တော့လို့ လက်လျှော့လိုက်ဖို့တော့ မလုပ်ပါနဲ့။
ဒီအစီအစဉ် ကိုမစတင်ခင်ကတည်းကဘုရားသခင်ဆီမှာ ဆက်ကပ်လိုက်ပါ။ ဆုတောင်းပါ။
ခံနိုင်ရည်ခွန်အားကို တောင်းခံပါ။ ဘုရားသခင်ကမင်းအတွက်ပြင်ဆင်ပေးမှာပါ။
အစ်ကိုလည်းမင်းလိုပဲဆေးလိပ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ဖူးပါတယ်။ အခု အစ်ကိုလျှောက်ခဲ့တဲ့
လမ်းကိုပြောပြတာပါ။ အဆိုးဆုံး တစ်ခုကတော့“သောက်ရင်ကော၊ ဘာဖြစ်သွား မှာမို့လို့လဲ”
အဲဒီ အတွေးအခေါ်က ခေါင်းထဲမှာ non-stop ဖြစ်ပေါ်နေလိမ့်မယ်၊ ဆုတောင်းခြင်းဖြင့်အနိုင်
ယူပါ ညီလေး….
God Bless You
Brother Aung