(၁)ရေနစ်သူ
မိတ်ဆွေ သင်ရေနစ်ဖူးပါသလား။ ဘယ်လိုနေပါသလဲ။ ရေမနစ်ဖူးရင်တော့ ရေနစ်တဲ့အရသာဘယ်လိုနေမလဲ
သိမှာမဟုတ်ပါဘူး။
စဉ်းစားကြည့်ကြရအောင်----
(၁)ရေမကူးတတ်ပဲနှင့်ဆင်းကူးတယ် သေတာတောင်နည်းသေးတယ် လို့ လာပြီး ဆဲရေးတိုင်းထွာမယ်ဆိုရင်
ဘယ်လိုနေမလဲ။
(၂)သင်ရေနစ်နေတဲ့အချိန်မှာ ရေကူးနည်းလာသင်ပြပေးရင် ဘယ်လိုနေမလဲ။
ဘယ်လိုမှမနေဘူးဆိုတာသိပါတယ်။ သင့်မှာလည်း သင့်ဒုက္ခနှင့်သင်၊ ဘယ်သူဘာလာပြောပြော ကြားနိုင်တော့မှာမဟုတ်ပါဘူး၊ရုန်းကန်နေရပြီလေ။ ဒါဖြင့် ရှင်မလားလို့မေးရင် “ No” လို့ပဲဖြေပါရစေ။ သင်အမှန်တစ်ကယ်လိုအပ်နေတာ သင့်ကိုရေထဲဆင်းပြီးကယ်တင်မည့်သူပါ။ ဟုတ်ပါသလားလို့မေးပါရစေ။
မဟုတ်ဘူးဆိုရင်လည်းရပါတယ်။
သံသရာဝဲဂယက်ထဲမှာ ကျွန်ုပ်တို့ဟာနစ်မြုပ်နေပါတယ်။ အဲဒီဝဲဂယက်ထဲကရုန်းထွက်နိုင်သလား၊ မနိုင်ဘူးလား ဆိုတာတောင် မစဉ်းစားအားတဲ့အဖြစ်ပါ။ မရုန်းနိုင်တော့တဲ့ နိဂုံးပိုင်းတော့ရောက်လာမှာပါ။
ပြောပါရစေ။ ယေရှုခရစ်တော်ဟာ သင့်ကိုကယ်တယ်ဖို့ရောက်လာပြီ။ ကယ်တင်ခြင်းကို လက်ခံမလား၊မခံဘူးလားဆိုတာကတော့ သင့်ဆုံးဖြတ်ချက်ပါ။
ဘာသာရေးအကြောင်းပြောနေတာမဟုတ်ပါဘူး။ ယေရှုခရစ်တော်ဟာဘုရားပါ။ဘာသာရေးအဓိပတိ လည်းမဟုတ်ပါဘူး။ သင်နှင့်ကျွန်ုပ်ကို ဒီ သံသရာဝဲဂယက် ၀ဋ်ဒုက္ခဆင်းရဲမှ ကယ်တင်မည့်အရှင်ဖြစ်ပါတယ်။ မိတ်ဆွေ။
God Bless You
Brother Ag